ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၀၀ ေက်ာ္ထိျမင့္တက္၊ စင္ကာပူတြင္ ၅ ဦးေျမာက္လူနာ ေတြ႕ရွိ

10 Shares

ကမာၻတဝန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံေနရသူေပါင္း ဒီကေန႔ ေဖေဖာ္ဝါရီ ၂၈ ရက္မနက္အထိ ၄၅၀၀ ေက်ာ္အထိျမင့္တက္လာေနၿပီး တ႐ုတ္ႏိုင္ငံမွာ ေသဆုံးသူ ၁၀၆ ဦးထိရွိေနၿပီျဖစ္တယ္လို႔ တ႐ုတ္အစိုးရက ေျပာပါတယ္။

စင္ကာပူႏိုင္ငံမွာေတာ့ ၅ ေယာက္ေျမာက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံ လူနာတဦး ေတြ႕ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ဇန္နဝါရီ ၂၇ ရက္ညမွာ အတည္ျပဳလိုက္ပါတယ္။

လူနာဟာ ဝူဟန္ၿမိဳ႕ကေန ဇန္နဝါရီ ၁၈ ရက္က မိသားစုနဲ႔အတူ ေရာက္ရွိလာတဲ့ အသက္ ၅၆ ႏွစ္အ႐ြယ္ တ႐ုတ္အမ်ိဳးသမီးတဦးျဖစ္ၿပီး လက္ရွိမွာ သီးသန႔္ေဆးကုသမႈေပးကာ အေျခအေန တည္ၿငိမ္ေနတယ္လို႔ ဆိုပါတယ္။

သူစင္ကာပူကို ေရာက္ရွိလာခ်ိန္တုန္းက ေရာဂါလကၡဏာ မေပၚေသးေပမယ့္ ဇန္နဝါရီ ၂၄ ရက္ေန႔မွာ ေရာဂါစျဖစ္လာၿပီး ၂၆ ရက္ေန႔မွာ Tan Tock Seng ေဆး႐ုံကို ေရာက္ရွိလာတာပါ။

တျခား ကူးစက္ခံရသူေတြကို ေဆးစစ္အတည္ျပဳထားတဲ့ လူနာ ၄ ဦးနဲ႔ ဆက္စပ္မႈ မရွိေပမယ့္ သူတို႔ေတြနဲ႔သက္ဆိုင္တဲ့ မိသားစုေတြ၊ အိမ္ေတြကို ေစာင့္ၾကည့္ေနတယ္လို႔ စင္ကာပူ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

Unicode Version

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ထိမြင့်တက်၊ စင်ကာပူတွင် ၅ ဦးမြောက်လူနာ တွေ့ရှိ

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသူပေါင်း ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်မနက်အထိ ၄၅၀၀ ကျော်အထိမြင့်တက်လာနေပြီး တရုတ်နိုင်ငံမှာ သေဆုံးသူ ၁၀၆ ဦးထိရှိနေပြီဖြစ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ၅ ယောက်မြောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတဦး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်ညမှာ အတည်ပြုလိုက်ပါတယ်။

လူနာဟာ ဝူဟန်မြို့ကနေ ဇန်နဝါရီ ၁၈ ရက်က မိသားစုနဲ့အတူ ရောက်ရှိလာတဲ့ အသက် ၅၆ နှစ်အရွယ် တရုတ်အမျိုးသမီးတဦးဖြစ်ပြီး လက်ရှိမှာ သီးသန့်ဆေးကုသမှုပေးကာ အခြေအနေ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။

သူစင်ကာပူကို ရောက်ရှိလာချိန်တုန်းက ရောဂါလက္ခဏာ မပေါ်သေးပေမယ့် ဇန်နဝါရီ ၂၄ ရက်နေ့မှာ ရောဂါစဖြစ်လာပြီး ၂၆ ရက်နေ့မှာ Tan Tock Seng ဆေးရုံကို ရောက်ရှိလာတာပါ။

တခြား ကူးစက်ခံရသူတွေကို ဆေးစစ်အတည်ပြုထားတဲ့ လူနာ ၄ ဦးနဲ့ ဆက်စပ်မှု မရှိပေမယ့် သူတို့တွေနဲ့သက်ဆိုင်တဲ့ မိသားစုတွေ၊ အိမ်တွေကို စောင့်ကြည့်နေတယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

DVB

10 Shares

Be the first to comment

Leave a Reply

Your email address will not be published.


*